Showing posts with label စေတီလေးမျိုး. Show all posts
Showing posts with label စေတီလေးမျိုး. Show all posts

Thursday, May 7, 2009

စေတီလေးမျိုး အဓိပ္ပါယ်

ရဟန်း, ရှင်, လူတို့ အမြတ်တနိုး ကိုးကွယ်ရာ ဌာနကို စေတီဟု ခေါ်သည်။

၁။ ဓာတုစေတီ = မြတ်စွာဘုရား၏ အရိုး (ဓာတ်တော်)ကို ဓာတုစေတီဟု ခေါ်သည်။
၂။ ဓမ္မစေတီ = တရားစာပေ ပိဋကတ်တော်များကို ဓမ္မစေတီ ဟု ခေါ်သည်။
၃။ ဥဒ္ဒိဿစေတီ = သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်း၍ ထုလုပ်ထားသော ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို ဥဒ္ဒိဿစေတီဟု ခေါ်သည်။
၎။ ပရိဘောဂစေတီ = မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော သပိတ်, သင်္ကန်း, ရေစစ်, ဗောဓိပင် စသည်များကို ပရိဘောဂစေတီဟု ခေါ်သည်။

[မှတ်ချက်]
မြတ်စွာဘုရား၏ အသုံးအဆောင်များကို ဌာပနာထားသော ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင် စသော စေတီမျိုးကို ပရိဘောဂစေတီဟု ခေါ်ရသည်။ ဓာတ်တော်များဌာပနာထားသည်ကို ရည်ရွယ်ပြောသော် ဓာတုစေတီဟုလည်း ခေါ်နိုင်သေးသည်။