Showing posts with label လင်္ကာ. Show all posts
Showing posts with label လင်္ကာ. Show all posts

Wednesday, May 13, 2009

ယခုကောင်းမှ နောင်ကောင်းပါလိမ့်မယ်

လူ့ပြည်ဌာန ရောက်ကြခါဝယ်
ကံသာအမိ သိကြသွယ်သွယ်
ရှေးကံကောင်းလို့ ခုကောင်းပါတယ်
ယခုကောင်းမှ နောင်ကောင်းပါလိမ့်မယ်။

အနန္တဂုဏ်ရောင် ဦးဘမြင့်

အောင်မြင်ကြောင်း တရားလေးပါး

မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား
ပြော ပြု တွေးလျှင် သတိယှဉ်
ဆင်ခြင်ဉာဏ်ရှေ့သွား
စိတ်ထားဖြောင့်မှန် ခွင့်လွှတ်ရန်
သည်းခံမေတ္တာထား
လုံ့လနှင့်ဇွဲ မလျှော့ဘဲ
အမြဲတင်းတင်းထား
အရာရာတွင်အသုံးဝင်
အောင်မြင်ကြောင်း တရားလေးပါး။